Sunday, January 30, 2011

လမ်းခွဲချိန်



၇ နှစ်လောက်အတူခရီးသွားလာတဲ့ ရှုးဖိနပ်လေးနဲ့လမ်းခွဲချိန်ရောက်လာပီ။
ဒီကောင်နဲ့တွေ့တာ ပြီးခဲ့တဲ့၇နှစ်လောက်က ပထမဦးဆုံး နိုင်ငံခြားခရီးသွားဘူးတဲ့အချိန်၊
ယိုးဒယားမှာတွေ့တာ...။

ပြီးတော့ သူနဲ့ မိုင်တွေအများကြီး အတူတူခရီးသွားခဲ့တယ်။

မောင်ရှုးရေ...
မင်းကို တွေ့ကရာနေရာမှာပစ်မထားခဲ့ပါဘူးကွာ။
မြန်မာပြည်က အိမ်နောက်ဖေးအ၀င်ပေါက်မှာရှိတဲ့ မင့်အိမ်ဖိနပ်စဉ်အထိပြန်ရောက်အောင်ပို့ပေးပါ့မယ်။
အမိမြေ အဲဒီမှာ အေးဆေးအနားယူပေါ့။

No comments:

Post a Comment