Saturday, May 21, 2011

ချစ်သောအတယ်ကြီးမွေးနေ့သို့ ဂုဏ်ပြုကဗျာလက်ဆောင်

1678km away from home today.


ခြေထောက်တစ်စုံ



အတယ်ရေ…

ခြေထောက်နှစ်ချောင်းပေးထားခဲ့လို့

လျှောက်သွားနေမိတာ..

အဖေမွေးနေ့ အဖေ့ရှေ့မှာမတွေ့ရရင်

ကျနော်မမှားပါဘူးနော်။



ဒါပေမယ့် မွေးစားသားသမီးတွေအတွက်လဲ

အဲဒီလိုခြေထောက်တွေ တတ်ပေးနေဆဲမဟုတ်လား



ခြေထောက်နှစ်ချောင်းရလို့ လမ်းလျှောက်တတ်ပြီဆို

လျှောက်ကောင်းကောင်းနဲ့ တမုန်းတမေ့

အဝေးကြီးကိုထွက်သွားတတ်တဲ့သူမျိုးရှိရင်

အဲဒီခြေထောက်ကိုပဲသုံးပြီး

ဒညင်းပင်ငယ်ရှိတဲ့ တံခါးဝက အော်ခေါ်တဲ့သူလဲရှိမှာပါ။



ဘာဘဲဖြစ်ဖြစ်လေ…

အဲဒီခြေထောက်တွေရှိပေးတဲ့အတွက်တော့

ကိုယ်တိုင်အတွက်ရော အားလုံးရဲ့ကိုယ်စားပါ ဂုဏ်ယူလှပါတယ်။



2/5/2011

Sunday, February 20, 2011

ဒေါက်တာများ...

နိုင်ငံခြားမှာနေတော့ အင်တာနက်လေးဘာလေးကြည့်လို့ရသပေါ့ဗျာ..
လူတန်းစေ့ နဲနဲမြန်မြန်ဆန်ဆန်စပိ လေးနဲ့...။

လက်တလောတော့ ဒေါက်တာတွေနဲ့အလုပ်ဖြစ်နေပါတယ်။
သတင်းပလင်းအတွက်က ဒေါက်တာလွဏ်းဆွေ
http://drlunswe.blogspot.com/

ဘာညာအပြာ.. သာရကာအတွက်က ဒေါက်တာချက်ကြီး
http://drchatgyi.blogspot.com/

ခပ်ဆင်ဆင်တွေပါပဲ။ ဒေါက်လွဏ်းကိုလာကြည့်သူပေါင်း ၆သိန်းကျော်
ဒေါက်ချက်က ၁သိန်းကျော်..
ဒေးလီးဝင်ကြည့်နေသူအရည်အတွက်ကတော့အတူတူလောက်ပါပဲ။

ကျနော်တို့ပြည်မြန်မာသားတွေ အွန်းလိုင်းအင်တာနက်နဲ့အဲသလောက်
နီးစပ်မှုရှိလာတာကတော့ တကယ့်ကိုပဲ အားရစရာပါ။